Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • ဝါသနာကပေးတဲ့ ဝမ်းစာ

Main page content

By admin | September 8, 2026
  • 7 views
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
လူမှုဘ၀

လူတိုင်းမှာ ဝါသနာဆိုတာ ငယ်စဥ်ကလေးဘဝကတည်းက ရှိကြပါတယ်။ မိန်းကလေးတွေမှာဆို အဝတ်အစားချုပ်လုပ်တာ ဝါသနာပါတာ၊ ဟင်းချက်တာဝါသနာပါတာ နဲ့ ယောက်ျားလေးတွေမှာဆိုရင်လည်း ဘောလုံးကန်တာ ဝါသနာပါကြတာမျိုး နောက်ပြီး Video Game တွေ ဆော့ရတာမျိုးတွေပေါ။ 

ဒီနေရာမှာ ဝမ်းစာဆိုတဲ့အကြောင်းလည်း တစ်ခါတည်း ပြောရမှာပဲ။ ဝမ်းစာဆိုတာကတော့ လူတွေ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ အသက်မွေးဝမ်းကြောင်းအတွက် ရှာဖွေစားသောက်မှုပုံစံပေါ့။ တချို့တွေကတော့ အရောင်းအဝယ်၊ တချို့တွေက ပညာရပ်ပိုင်းဆိုင်ရာ စသည်ဖြင့် အသက်မွေးဝမ်းကျောင်းပုံစံမျိုးစုံ ရှိကြပါတယ်။ 

စိတ်ဝင်စားစရာကောင်းတာက အရင်ခေတ်ကတော့ လူကြီးမိဘတွေက ဝါသနာထက် ဝမ်းစာရှာဖွေနိုင်ဖို့အတွက် ပညာသင်ယူတာကို ပိုပြီး အားပေးလေ့ရှိကြတယ်။ ဝါသနာတွေဆိုတာ တစ်နေ့နေ့တချိန်ချိန်မှာ မှေးမှိန်ပျောက်ကွယ်သွားမှာ ဖြစ်ပြီး ခေတ်ကာလအရ နာမည်ကြီးလူကြိုက်များတဲ့ ဝမ်းစာလုပ်ငန်းတွေကိုသာ သင်ယူဖို့ တွန်းအားပေးလေ့ရှိပါတယ်။

ဒါပေမယ့် အခု ခေတ်ကာလကလည်း ပြောင်းလာပြီ။ လူတွေရဲ့ အမြင်နဲ့ သဘာဝတွေကလည်း ပြောင်းလာသလို ဝမ်းစာရှာဖွေကြတဲ့ အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီလို့ ဆိုလို့ရပါတယ်။ ဒီဘက်ခေတ်က ငယ်ငယ်က စိတ်ကူးအိပ်မက်တွေအတိုင်း ဝါသနာကို ဝမ်းစာအဖြစ် ပြောင်းလဲနိုင်စွမ်းရှိဖို့ အခွင့်အရေးရှိတဲ့ ခေတ်ကို ရောက်လာခဲ့ပါပြီ။ ဒီဘက်ခေတ်မှာတော့ ဝါသနာတွေက တစ်ချိန်ချိန်မှာ ဝင်ငွေရတဲ့အလုပ်တစ်ခု၊ နောက်ဆုံးမှာ အသေးစားစီးပွားရေးတစ်ခုအထိ ဖြစ်လာနိုင်တာပါ။

 

လူတိုင်းနီးပါး Nike ကို ရင်းနှီးကြပါတယ်။ Nike လို့ ပြောလိုက်ရင်ပဲ နာမည်ကြီး လူကြိုက်များတဲ့ အားကစားအသုံးအဆောင်တွေ ရနိုင်တဲ့ International Brand တစ်ခုဆိုတာ လူတိုင်း ပြေးမြင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မသိတာတစ်ခုက Nike စတင်တည်ထောင်စဥ်တုန်းက Phil Knight က ပြေးတာနဲ့ အားကစားကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် Running Shoe တွေကို ရောင်းချတဲ့ သူ့ရဲ့ Side Business လေးအနေနဲ့ စတင်ခဲ့တယ်ဆိုတာပါပဲ။ 

အဲဒီအချိန်မှာ Nike ဆိုတာ Brand ကြီးတစ်ခု ဖြစ်လာမယ်လို့ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အားကစား အပေါ် စိတ်ဝင်စားမှုနဲ့ Business အပေါ် ကြိုးစားမှုတွေ ပေါင်းစပ်လာတဲ့အခါ ကမ္ဘာ့အကြီးဆုံး Sports Brand တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီလို ဆင်တူတဲ့ တခြား Story တွေ အများကြီး ရှိပါသေးတယ်။ တချို့တွေကတော့ စီးပွားရေးစတင်မယ်ဆိုရင် လူကြိုက်များမယ့်၊ ရောင်းအားတက်မယ့်၊ နောက်ပြီး ကျော်ကြားနိုင်ချေရှိတဲ့ စီးပွားရေးတွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို Strategy ကျကျ ရွေးချယ်သူတွေ ရှိသလို တဖက်မှာလည်း ကိုယ် ဝါသနာပါရာကို လက်မလျှော့ဘဲ တစ်စိုက်မတ်မတ် လုပ်ရင်းနဲ့မှ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ စတင်ဖို့ လမ်းကြောင်းရှာတွေ့သွားတာမျိုးကနေ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်သွားတာ၊ ဒါမှမဟုတ် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်သွားတာမျိုးတွေ အများကြီး ရှိပါတယ်။

ဝါသနာတွေကို ဝါသနာအတိုင်း ရပ်ထားရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ တခြားလူတွေပါ စိတ်ဝင်စားလာအောင် တီထွင်ဖန်တီးနိုင်မှုနဲ့ ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်လိုက်ရင်တော့ ဝါသနာကနေ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ လူကြိုက်များတဲ့ရောင်းကုန်တွေ ဖြစ်လာနိုင်ပါတယ်။

ဝါသနာနဲ့ ဝမ်းစာ ထပ်တူကျတာ ပျော်စရာကောင်းပါတယ်။ အရင်ခေတ်ကလို လူကြိုက်များတဲ့ အလုပ်တွေကို လိုက်လုပ်နေရမယ့်ခေတ်လည်း မဟုတ်တော့ပါဘူး။ မိမိရဲ့ ဝါသနာအပေါ် အရင်းခံတဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါ အခက်အခဲတွေကို ဖြတ်ကျော်နိုင်စွမ်းနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေက တခြားလုပ်ငန်းကို လုပ်နေရတာထက် ပိုရရှိပါတယ်။

User login

  • Reset your password

Update News

AI ကြောင့် ပိတ်မိလာတဲ့ ဦးနှောက်တွေ
Ai ကိုသုံးရင်း မိမိဦးနှောက်ကိုပါ အလုပ်ပေးပါ
ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.