AI ကြောင့် ပိတ်မိလာတဲ့ ဦးနှောက်တွေ
သင်္ချာ တစ်ပုဒ်ကို ကိုယ်တိုင်ချတွက်တဲ့အခါ ပထမဆုံး အဖြေထွက်မလာဘူး။ တစ်ခါတွက်တယ်မှားတယ်။ နောက်တစ်ခါ ပြန်တွက်တယ်။ Formula မှားနေလား အမြှောက်အစားတွေ အလီခေါ်တာမှန်ရဲ့ စစ်ကြတယ်။ နောက်ဆုံးမှာ မှ အဖြေမှန်ရအောင် တွက်ထုတ်နိုင်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ရလိုက်တာက ဒီပုဒ်စာရဲ့ အဖြေမှန်တစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီပုစ္ဆာကို ဘယ်လိုချဉ်းကပ်ရမလဲဆို
